၁။တောင်ပေါ်သားရီရှင်း(စိုက်ပျိုးရေး)Co.,ltd တွင်လယ်ယာသုံးစက်ပစ္စည်းနှင့်ပတ်သတ်သောမည်သည့်Brand များရရှိနိုင်သလဲ။

တောင်ပေါ်သားရီရှင်း(စိုက်ပျိုးရေး)Co.,ltd တွင်Lovol, Landini, mitsubishi, Yanmar ထွန်စက်များ၊ Sakpattana, KMD, Yanmar ရိတ်သိမ်းခြွေလှေ့စက်များနှင့်Flying Star စပါးနှင့်အခြောက်ခံစက်များရရှိပါသည်။


၂။Brand အလိုက်မည်သည့် မြင်းကောင်ရေဘယ်လောက်တွေရနိုင်ပါသလဲ။

Brand အလိုက် မြင်းကောင်ရေ မျိုးစုံရရှိနိုင်ပါသည်။


၃။မည်သည့်Bank များနှင့်ချိတ်ဆက်ဝယ်နိုင်ပါသလဲ။

Yoma bank, MCB bank, MADB Bank, KBZ bank, AGD bank များနှင့်ချိတ်ဆက်ဝယ်ယူနိုင်သည်။


၄။အရစ်ကျစနစ်ဖြစ်ဝယ်ယူရနိုင်ပါသလား။ဘယ်နနှစ်ရပါသလဲ။

အရစ်ကျစနစ်ဖြစ် ၁နှစ် ၂ရစ်၊၂နှစ် ၄ရစ်၊၃နှစ် ၆ရစ်တို့ဖြစ်ဝယ်ယူရရှိနိူင်ပါသည်။


၅။အရစ်ကျစနစ်ဖြစ်ဝယ်ယူလျှင်မည်သည်တို့လိုအပ်ပါသလဲ။

  1. အငှားဝယ်ယူသူ၏ မှတ်ပုံတင် (မိတ္တူ)
  2. သန်းခေါင်စာရင်း (မိတ္တူ)
  3. ရပ်ကွက်ထောက်ခံချက် (မူရင်း)
  4. ရဲစခန်းထောက်ခံချက် (မူရင်း)
  5. ဝယ်ယူသည့်စက်ပစ္စည်း၏ ဓါတ်ပုံ ( 1.ဘယ်/2.ညာ/3.ရှေ့/4.နောက်/5.ချယ်စီ/6.အင်ဂျင်/7.ဝယ်သူနှင့်ပူးတွဲပုံ)
  6. လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်အမည်ပေါက် ပုံစံ-၇ ၊ မြေစာရင်းပုံစံ -၁၀၅ (မူရင်း)
  7. အာမခံပေးမည့်ပုဂ္ဂိုလ် (၂)ဦး
  8. အာမခံပေးမည့်သူ၏ မှတ်ပုံတင် (မိတ္တူ)
  9. သန်းခေါင်စာရင်း (မိတ္တူ)
  10. ရပ်ကွက်ထောက်ခံချက် (မူရင်း)
  11. ရဲစခန်းထောက်ခံချက် (မူရင်း)

မှတ်ချက် ။ ။ အမှတ်စဉ်(၆)အတွက်ချေးငွေကျပ်သိန်း(၂၀၀)နှင့်အထက်ဖြစ်ပါက ပိုင်ဆိုင်မှု (၁ဝဧက) တင်နိုင်ရမည်။လိုအပ်သည့်စာရွက်စာတမ်းများအား၏မူရင်းများအား တိုက်ဆိုင်စစ်ဆေးရန်အတွက် တစ်ပါတည်းယူဆောင်လာရ မည်။


၆။အပိုပစ္စည်းများအလွယ်တကူရရှိနိုင်ပါသလား။

အပိုပစ္စည်းများကို brand အလိုက် Original အပိုပစ္စည်းများကိုအလွယ်တကူဝယ်ယူရရှိနိုင်ပါသည်။


၇။မည်သို့သောစက်ပြင်ဝန်ဆောင်မှုမျိုးရနိုင်ပါသလဲ

မည်သို့သောစက်ပြင်ဝန်ဆောင်မှုများအနေဖြင့်အာမခံဝန်ဆောင်မှုများအပြင် အာမခံကျော်လွန်သွားရင်လဲခေါ်ယူနိုင်ပါသည်။


၈။ရုံးခွဲတွေဘယ်နေရာမှာရှိပါသလဲ

တပင်ရွှေထီး(လှိုင်သာယာမြို့)၊ဟင်္သာတမြို့၊သုံးဆယ်မြို့၊မုံရွာမြို့၊စလင်းမြို့၊ရွှေဘိုမြို့တို့တွင်ရုံးခွဲများရှိပါသည်။


၉။အသေးစိတ်သိရှိလိုသည်များကိုမည်သို့မေးမြန်းနိုင်ပါသလဲ

တောင်ပေါ်သားရီရှင်း(စိုက်ပျိုးရေး)Co.,ltd ပတ်သတ်သည်များကို(၀၉-၇၉၅၈၇၂၆၃၃, ၀၉-၇၅၀၄၀၂၀၂၂)တို့ကိုအသေးစိတ်ဆက်သွယ်ပေးမြန်းနိုင်ပါသည်။

mrking   mrking   casibom   casinoper   bahisnow   casibom   betgaranti   betgaranti   slotbar   slotbar   onwin   onwin   rexbet   rexbet   casibom